BREAKING
September 16, 2024

ထိုင်းမြောက်ပိုင်းတွင် ရွှေဆိုင်မှ လက်စွပ်လုပြေးသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

July 23, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်အနီး လန်ဖွန်ခရိုင်ရှိ ရွှေဆိုင်ထဲမှ ရွှေလက်စွပ်တစ်ကွင်းလုပြီး ထွက်ပြေးသွားသော မြန်မာနိုင်ငံသားတစ်ဦးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူသည် အသက် ၃၇ နှစ်အရွယ် ကိုကျိုင်းအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး လန်ဖွန်မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင်ထဲဝင်လာပြီးနောက် ယင်းသို့လုယူ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ရွှေလက်စွပ်သည် ၅၀ စတန် (ထိုင်းရွှေ ၁ ဘတ်ခွဲသား) အလေးချိန်ရှိပြီး လက်ရှိပေါက်ဈေး ဘတ် ၂၀၀၀၀ ကျော်ခန့်ရှိသည်။

ရွှေဝယ်လိုဟန်ဖြင့် ရွှေဆိုင်ထဲဝင်လာပြီးနောက် လက်စွပ်ကို အလစ်သုတ်ကာ ပါလာသော ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးပြီးနောက် လန်ဖွန်မြို့အတွင်းရှိ အခန်းတွဲတွင် ငှားရမ်းနေထိုင်သည်ကို တွေ့ရှိရသဖြင့် နေ့လယ်ပိုင်းတွင် သွားရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားကို ခိုးမှုဖြင့် အမှုဖွင့်ထားပြီး လန်ဖွန်ရဲစခန်းတွင် စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 7, Siamrath, Chaingmai News