မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့တွင်း ရပ်ကွက်အချို့နှင့် မြို့၏ အရှေ့ဘက် ပြင်းထိန်ကျေးရွာတို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းကစပြီး ရေကြီးရေလျှံဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှသိရသည်။
မနေ့မနက်ပိုင်းကစတင်ပြီး လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။














ယနေ့မနက်ပိုင်းတွင်တော့ စခန်းကြီးရွာ၏ တောင်ဘက် ၁၆ မိုင်ခန့်အကွာရှိ လောင်းလုံးမြို့၏ မြေနိမ်ပိုင်းရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်နေသည့်အတွက်ကြောင့် ပရဟိတအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နေကြရသည်။
လောင်းလုံးမြို့၏ မြေနိမ်ပိုင်းရပ်ကွက်များနှင့် အရှေ့ဘက်ပြင်းထိန် ကျေးရွာသို့သွားသည့် လမ်းတစ်လျှောက် ရေကြီးနေခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။










” ရေက ရုတ်တရက်တက်လာတယ်ပြောတယ် ကျွန်တော်တို့ မြေနိမ့်ပိုင်းရပ်ကွက်တွေကို လိုက်ကြည့်နေတယ်။ ပြင်းထိန်ရွာကိုလည်းဝင်မယ်”ဟုဦးနိုင်မျိုးသွင်ကပြောသည်။
ရေကြီးသည့်နေရာများဖြစ်သည့် လောင်းလုံးမြို့လဝကရုံး အရှေ့လမ်းမကြီးတစ်လျှောက်နှင့် မြေနိမ့်ပိုင်းရပ်ကွယ်များတွင် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူသီရိအဖွဲ့၊ ရင်ခုန်သံအဖွဲ့နှင့် အာယုပါလက(လောင်းလုံး)အဖွဲ့တို့ ပူးပေါင်း၍ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။