ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၂၂ ရက်နေ့ညက ခီရီရတ်နီခွန်ဒေသရှိ နွားခြံအဟောင်းထဲက လောင်းကစားဝိုင်းကို ထိုင်းအာဏာပိုင်များအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လောင်းကစားဝိုင်းတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၂၁ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ လောင်းကစားဝိုင်းထဲရှိ ဘတ် ၂၈၅၅၀ ဘတ်နှင့် ဖဲထုပ် ၃၅ ထုပ်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူများကို ခီရီရတ်နီခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ခွင့်မပြုထားသော လောင်းကစားလုပ်မှု (ရှမ်းကိုးမီး) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Khaosod English, หม่อนไหม สุราษฎร์ อัพเดท