ထားဝယ်ဈေးကွက်၌ ယခုသီတင်းပတ်အတွင်း ဆန်နှင့် စားဖိုဆောင်သီးနှံအချို့ ဈေးကျနေသည်ကို တွေ့ရသည်။
ဆန်ကြမ်းအမျိုးအစားဖြစ်သည့် အကယ်ဒမီ ရက်၉၀ ဆန် တစ်အိတ်လျှင် ပြီးခဲ့သည့်သီတင်းပတ်က ၁၁၀,၀၀၀ ကျပ်မှ ဖေဖော်ဝါရီ ၂၂ရက်တွင် ၁၀၉,၀၀၀ကျပ်၊ ဆင်းသုခတံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၃,၀၀၀ကျပ်မှ ၁၀၁,၅၀၀ ကျပ်သို့ ဈေးကျသွားသည်။
တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ကျပ်အထိ ဈေးကျသွားသည်ကို တွေ့ရသည်။
ယင်းအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး စသည့်တို့မှာလည်း ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။
ပြီးခဲ့သည့် သီတင်းပတ်က ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာ ၁၆၅၀၀ ကျပ်မှ ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ပိဿာ ၁၅၅၀၀ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာ ၁၆၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ငရုတ်ပုခြောက်တစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၃၀၀၀ကျပ်သို့ အသီသီးဈေးကျသွားသည်။
တစ်ပတ်အတွင်း ကြက်သွန်ဖြူ ကျူကုတ်နှင့် ငရုတ်ပုခြောက်တို့မှာ တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ ရွှေအပ်ငရုတ်တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။
အားလူဈေးမှာလည်း ယခုသီတင်းပတ်တွင် တစ်ပိဿာ ၁၀၀၀ ကျပ် ဈေးကျသွားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်က အာလူးတစ်ပိဿာ ၅၅၀၀ကျပ်မှ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၄၅၀၀ကျပ်သို့ ဈေးကျသွားသည်။
ပြည်တွင်း၊ ပြည်ပထုတ် စားသုံးဆီဈေးများမှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

