Dawes Watch၊ ဖေဖော်ဝါရီ ၂၃
စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ကြရန်ယနေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က လောင်းလုံးမြို့နယ်အတွင်းရှိ ဈေးတစ်ခုတွင် လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းကြီးများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅ရာခိုင်နှုန်း ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂ရာခိုင်နှုန်းနှင့် ဇောတိကစီမံကိန်းတွင် ၈၀ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး စစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။