သရက်ချောင်းမြို့နယ် ပန်းတော ကျေးရွာရထားလမ်းအနီး ဇန်နဝါရီလ ၂၃ ရက်နံနက်ပိုင်းတွင် မော်တော်ဆိုင်ကယ်တိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း မြတ်ပရမီပရဟိတအသင်း (သရက်ချောင်း)ထံမှသိရသည်။
သရက်ချောင်းမြို့နယ် ပန်းတောရွာနှင့် ဆင်ဖြူပြင်ရွာကြား ရထားလမ်းအနီးတွင် မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး နေရာတွင်ပင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာ မသိရှိရသေးကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့ ရောက်သွားတော့ လူနာကဆုံးသွားပြီ သူမှာ ၂၀၀တန် တစ်ရွက်နဲ့ မီးခြစ်တလုံးပဲတွေ့ရတယ်။ ဘယ်ကမှန်းမသိသေးဘူး”ဟု မြတ်ပါရမီပရဟိတအသင်း တာဝန်ရှိသူကပြောသည်။
သေဆုံးသူ စီးလာသည့် မော်တော်ဆိုင်ကယ်နံပါတ်မှာ TNI -9W 31002အမျိုးအစား ဖြစ်ပြီး အစိမ်းပုတ်ရောင်ဖြစ်ကြောင်း ၎င်းကပြောသည်။
ယခုလက်ရှိသေဆုံးသူ၏ ရုပ်အလောင်းကို သရက်ချောင်း ဆေးရုံရင်ခွဲရုံသို့ပို့ဆောင် ထားရှိကြောင်းသိရသည်။
သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ မြတ်ပရမီပရဟိတအသင်း-သရက်မြိုနယ်၏ ဖုန်းနံပါတ်ဖြစ်သော ၀၉၂၅၀၇၆၉၄၀၈ သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်နိုင်ကြောင်း ယင်းအဖွဲကထုတ်ပြန်ထားရှိသည်။