ခရီးသွားတွေအကြား လူသိများထင်ရှားတဲ့ ထားဝယ်ဒေသက နာမည်ကျော် မောင်းမကန်ကမ်းခြေ ရဲ့ မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ပွင့်လင်းရာသီ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီကလို ခရီးသွားတွေအများအပြား လာရောက်တာမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ အခါကြီးရက်ကြီးတွေရောက်မှသာ ထားဝယ်ဒေသအတွင်းက လာရောက်လည်ပတ်သူအချို့နဲ့ အနည်းငယ်စည်ကားတယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။
မောင်းမကန် ကမ်းခြေတည်ရှိတဲ့ မောင်းမကန်စံပြရွာအပါအဝင် လောင်းလုံးမြို့နယ်က ကျေးရွာအများစုဟာ မကြာခဏ စစ်ကြောင်းထိုးခံရလေ့ရှိပြီး ရွာသားတွေ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။









