မြိတ်မြို့နယ်၊ ရွှေပေးကျေးရွာ ဝါဆိုဦးဘုန်းကြီးကျောင်းလမ်းအနီးတွင် ယနေ့နေ့လယ် ၁ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်ဆောင်မီးလောင်ပျက်စီးသွားသည်။
“ရှေ့လေကလည်းတိုက်နေတယ်။ အနီးအနားကလူတွေကလည်း အိမ်မှာရှိတဲ့ရေပုံးတွေနဲ့ လက်လှမ်းမီသလောက် ရေခပ်လောင်းကြတယ်။ တခြားအိမ်တွေကူးမှာစိုးလို့ မီးလမ်းတွေဖြတ်ထားရတယ်” ဟု ရွေပေးကျေးရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။
မီးသတ်ကားမရောက်မီတွင် ဒေသခံများက နေအိမ်ရှိ သောက်သုံးရေဗူးများဖြင့် ရေသယ်ဆောင်ပြီး မီးငြှိမ်းသတ်ခဲ့ကြသည်။
မီးသတ်ကားရောက်လာပြီးနောက် နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသွားသည်ဟု ဒေသခံများထံမှသိရသည်။