BREAKING
January 22, 2025

ကြက်သွန်ဖြူနှင့် ငရုတ်ခြောက် ဈေးပြန်ကျလာသည့် ထားဝယ်ဈေးကွက်

December 22, 2024

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်ဈေးနှုန်းများ ပြန်ကျလာသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကြက်သွန်ဖြူ ထူး ၄ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်တွင် ၁၆၀၀၀ကျပ် စျေးရှိသည်။ ကြက်သွန်ဖြူ ထူး ၅ တစ်ပိဿာလျှင် ၁၈၅၀၀ ကျပ်မှ ဒီဇင်ဘာလ ၂၁ ရက်တွင် ၁၇၀၀၀ကျပ်၊ ကျူကုတ် ကြက်သွန်ဖြူ တစ်ပိဿာဈေးမှာ ၁၉၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်သို့ ဈေးပြန်ကျခဲ့သည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာလျှင်အမျိုးအစားအလိုက်၍ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ခန့်မှ ကျပ် ၁၅၀၀ခန့်အထိ ဈေးပြန်ကျလာခြင်းဖြစ်သည်။

ထို့အတူ မိုးထောင်ငရုတ်သီးခြောက် ဈေးမှာလည်း ပြီးခဲ့သည့်သီတင်းပတ်က တစ်ပိဿာ ၁၈၀၀၀ကျပ် စျေးရှိရာမှ ဒီဇင်ဘာလ ၂၁ ရက်တွင် ၁၇၅၀၀ကျပ်သို့ ဈေးကျခဲ့သည်။

တစ်ပတ်အတွင်း မိုးထောင်ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ဆန်ဈေးမှာ ဇယားပါအတိုင်း ဈေးငြိမ်နေသည်။

ရေထွက်ကုန်ဖြစ်သည့် ပုစွန်ချော ဈေးနှုန်းမှာ အကြီး တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်၊ အလတ် ၃၅၀၀၀ကျပ်၊ အသေး ၃၀၀၀၀ကျပ်ဖြင့် စျေးငြိမ်နေသည်။

သို့သော်ယခုသီတင်းပတ်အတွင်း ပုစွန်ကြမ်း၊ ပုစွန်ဖြူ၊ ဘော့ဂျေ့(ပုစွန်) အမျိုးအစားများ ဈေးမြင့်တက်လျက်ရှိသည်။