BREAKING
April 22, 2025

ဆန် အတက်ဈေးဖြင့် ငြိမ်နေပြီး ကြက်သွန်ဈေး ဆက်တိုက်တက်နေသည့် ထားဝယ်ဈေးကွက်

December 22, 2023

ပြီးခဲ့သည့်အပတ်က ခုန်တက်လာသည်ဆန်ဈေး အတက်ဈေးဖြင့် ငြိမ်နေပြီး ကြက်သွန်ဈေးမှာ ဆက်တိုက်နေသည်။

ဒီဇင်ဘာလ ပထမပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊‌ ရွှေဘို ပေါ်ဆန်း ၁၉၆၅၀၀ ကျပ်သာ စျေးရှိရာမှာ ဒုတိယပတ်တွင် ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၁၅၀၀ကျပ် ၊ ပေါ်ဆန်း တစ်အိတ်လျှင် ၂၀၇၀၀၀ကျပ်အထိ ခုန်တက်ပြီး ယနေ့အထိ အတက်ဈေးဖြင့် ငြိမ်နေသည်။

ထို့အတူ နိုဝင်ဘာလ နောက်ဆုံးအပတ်က ကြက်သွန်နီတစ်ပိဿာ ၄၀၀၀ကျပ်မှ ယနေ့ ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ ထူးလေး တစ်ပိဿာ ၁၂၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ကြက်သွန်ဖြူထူးငါး တစ်ပိဿာမှာ ၁၃၀၀၀ကျပ်မှ ၁၇၅၀၀ကျပ်အထိ ဈေးဆက်တိုက်မြင့်တက်လာသည်။

ကြက်သွန်နီ အသစ်ထွက်နေပြီဖြစ်သော်လည်း လက်ကျန်ကြက်သွန်နီအဟောင်း နည်းလာသောကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ထို့အတူ ကြက်သွန်ဖြူမှာလည်း ဈေးကွက်အတွင်း လက်ကျန်ကြက်သွန်အဟောင်းများ နည်းလာသောကြောင့် ဈေးတက်နေခြင်းဖြစ်ကြောင်း သိရသည်။