BREAKING
March 26, 2025

နယ်သာလန်နိုင်ငံရဲ့ စွမ်း‌ဆောင်ရှင်ဆုကို ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး

December 22, 2022

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ‌မွေးဖွားခဲ့ပြီး နယ်သာလန်နိုင်ငံကို ရောက်ရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး မဧကရီစိုးဟာ Golden Girl Award လို့ခေါ်တဲ့ ရွှေသမီးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

တနင်္သာရီတိုင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့လို့ ‌မြန်မာနိုင်ငံတောင်ပိုင်းသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူဟာမြန်မာနိုင်ငံကို မရောက်ဖူးသေးပေမယ့် မြန်မာ့အရေးကို တက်တက်ကြွကြွလုပ်ဆောင်နေသလို ဥရောပပါလီမန်ထဲကို အချိန်မရွေးဝင်ထွက်ပြီး ပါလီမန်ခေါင်းဆောင်တွေကို တွေ့ဆုံခွင့် ရှိတဲ့ Lobby Pass ကိုရရှိထားပါသေးတယ်။

ဒါ့အပြင် မြန်မာလူငယ်တွေ နိုင်ငံ့ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်လာနိုင်ရေးအတွက် Worldwide Burmese Students Academy ကို တည်ထောင်ထားပါသေးတယ်။

ဒါကြောင့် Golden Girl Award ဆုရှင်မဧကရီစိုးအကြောင်း တင်ဆက်လိုက်ပါတယ်။

No related posts found.