BREAKING
December 26, 2024

ICC ဖမ်းဝရမ်းအထုတ်ခံရသည့် ပထမဆုံး ဒီမိုကရေစီနိုင်ငံခေါင်းဆောင်

November 22, 2024

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအာ့ဗ်ဂါးလန့်နှင့် ဟားမတ်စ်အဖွဲ့စစ်ရေးခေါင်းဆောင် မိုဟာမက်ဒိတ်ဖ်တို့အား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ကြာသပေးနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။

ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ခေါင်းဆောင် မိုဟာမက်ဒိတ်ဖ်အား ၎င်းတို့ သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း ယခုနှစ် ဩဂုတ်လအစောပိုင်းတွင် အစ္စရေးဘက်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ယခုဖမ်းဝရမ်းအထုတ်ခံရသူများတွင် မိုဟာမက်ဒိတ်ဖ်လည်း ပါဝင်လာသည်။

ယင်းဆုံးဖြတ်ချက်ကြောင့် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် စစ်ရာဇဝတ်မှုဖြင့် ICC မှ ဖမ်းဝရမ်းအထုတ်ခံရသည့် ပထမဆုံးသော ဒီမိုကရေစီနိုင်ငံခေါင်းဆောင်ဖြစ်လာသည်။

ဖမ်းဝရမ်းအထုတ်ခံရသူ သုံးဦးသည် အစ္စရေး-ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု၊ လူသားထုကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ခိုင်မာသည့် အထောက်အထားများ ရရှိထားသည်ဟု ICC တရားသူကြီးများက ဆိုသည်။

ICC ၏ ယင်းဆုံးဖြတ်ချက်နှင့် နေတန်ညာဟုက “ဂျူးမုန်းတီးဆန့်ကျင်ရေးလုပ်ရပ်”ဟု ရှုတ်ချဝေဖန်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်မှာ အရေးပါသည့် သမိုင်းအစဉ်အလာတစ်ခု ဖြစ်သည်ဟု ဟားမတ်စ်အဖွဲ့က ဆိုသည်။

အမေရိကန်အစိုးရက ယင်းဆုံးဖြတ်ချက်ကို ငြင်းပယ်ခဲ့သည်။ ဥရောပနိုင်ငံအချို့ကမူ ICC ၏ ယင်းဆုံးဖြတ်ချက်အပေါ် ၎င်းတို့အနေဖြင့် လေးစားမှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ICC ၏ ဖမ်းဝရမ်းထုတ်ပြန်မှု အကျိုးသက်ရောက်မှုရှိမရှိဆိုသည်မှာ အဖွဲ့ဝင်နိုင်ငံများ၏ ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှုအပေါ် တစိတ်တပိုင်းအားဖြင့် ICC မူတည်နေသည်။

ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် ICC အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၄ နိုင်ငံရှိသော်လည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်ဖြစ်သူ အစ္စရေးတို့ မပါဝင်ပေ။

ရောမသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေပေါ်တွင် ကျူးလွန်သည့် လူမျိုးတုန်းသတ်ဖြတ်မှု ၊ လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ အရေးယူပိုင်ခွင့်ရှိသည်။ အစ္စရေးသည် ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်မခံသည့် နိုင်ငံဖြစ်သည်။

ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိုက်ပြီးနောက် အစ္စရေး West Bank ၊ ဂျေရုဆလင်အရှေ့ခြမ်းနှင့် ဂါဇာတွင် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ၎င်းတို့ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း ICC က ၂၀၂၁ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်တွင် အိုင်စီစီသည် ၎င်းအနေဖြင့် ၎င်းအနေဖြင့် စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း အိုင်စီစီက ၂၀၂၁ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။ ပါလက်စတိုင်းနယ်မြေများအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပါလက်စတိုင်းအား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံလိုက်သောကြောင့် ဖြစ်သည်။

Source – BBC