တိုက်ပွဲများနှင့် ပဋိပက္ခများ ပြင်းထန်လာမှုနှင့်အတူ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ခြောက်သောင်းခန့် ပုံမှန်လိုလိုရှိနေသည်။
စစ်ဘေးရှောင်များလာသလို တစ်ဖက်တွင်လည်း ရာသီအကူးအပြောင်း ရောဂါများ၊ အအေးပိုနိုင်သည့် ဆောင်းရာသီ အခြေအနေများကြောင့် ဆေးဝါး၊ အနွေးထည်နှင့် အမိုးအကာ အပါအဝင် ရိက္ခာလိုအပ်ချက် ပိုများလာနေသည်။
လတ်တလော အလှူရှင်နည်းပါးသဖြင့် စားနပ်ရိက္ခာပင် မလုံလောက်သည့် အခြေအနေတွင် ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မလွယ်ကူကြောင်း စစ်ဘေးရှောင် ကူညီသူများကဆိုကြသည်။





