BREAKING
January 22, 2025

ရေး ကိုးမိုင်တံတား တွင် မိုင်းကွဲ၍ ကားများပိတ်မိ

November 22, 2024

ပုံစာ - ပျက်စီးသွားသည် ရေး ကိုးမိုင်တံတား။ ဓာတ်ပုံ - ကားသမားတစ်ဦး

မွန်ပြည်နယ် ၊ ရေးမြို့ နှင့် မလွှဲတောင်အကြားရှိ ကိုးမိုင်တံတားတွင် ယနေ့ (နိုဝင်ဘာ ၂၂) နံနက်အစောပိုင်းက မိုင်းပေါက်ကွဲ၍ တံတားလမ်းသားများ ပျက်စီးသွားပြီး ဖြတ်သန်းသွားလာ၍ မရတော့သဖြင့် ကားများပိတ်မိနေသည်ဟု ကားသမားများထံကသိရသည် ။

” မနက် ၇ နာရီလောက် တံတားထိပ်ရောက်ကတည်းက ဖြတ်မရတော့ဘူး ။ မိုင်းကွဲပြီး လမ်းသားတွေပျက်နေတယ်။ ကားတွေအကုန်ပိတ်မိနေကြတယ် ။ တချို့လည်းပြန်လှည့်သွားကြတယ် ” ဟု ရေးမြို့ဘက်မှလာ၍ လမ်းပိတ်မိနေသည့် ကားသမားတစ်ဦးကပြောသည်။

ထားဝယ်ဘက်ခြမ်းမှ တက်လာသည့် ကားများကိုမူ မလွှဲတောင်ဂိတ်မှ ပေးမဖြတ်သေးကြောင်း မလွှဲတောင်ဂိတ်တွင် ပိတ်မိနေသည့် ကားသမားများထံက သိရသည်။

” မလွှဲတောင်ဂိတ်က ဖွင့်ထားတယ် ။ အဆင်းဘက်ခြမ်းကို ညကတည်းက တောင်ထိပ်မှာ ညအိပ် နေတဲ့ကားတွေ ပေးဖြတ်နေတယ်။ အတက်ကားတွေကိုတော့ တစ်စီးမှပေးမဖြတ်သေးဘူး ” ဟုပိတ်မိနေသည့် ထားဝယ်ဒေသခံ ကားသမားတစ်ဦးကပြောသည်။

အဆိုပါ ကိုးမိုင်တံတား ကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် မိုင်းခွဲခဲ့သည်ကိုမူ မသိရသေးပေ။

သတင်းမေးမြန်းခဲ့သည် ယနေ့ နံနက် ၉ နာရီခွဲ အထိ လမ်းပြန်လည်ပြုပြင်မည့် အဖွဲ့များရောက်လာခြင်းမရှိသေးဘဲ ကားများ ပိတ်မိနေဆဲဖြစ်သည်ဟု ကားသမားများထံကသိရသည်။