BREAKING
February 26, 2025

ရန်ကုန် ရေတပ်သင်္ဘောကျင်းက တပ်ကြပ်ကြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်သို့ ခိုလှုံ

November 22, 2023

Photo - မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း

ရန်ကုန်တိုင်း၊ သံလျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌါနချုပ် (သီလဝါ) က တပ်ကြပ်ကြီးတစ်ဦး CDM လုပ်ပြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ခိုလှုံလာကြောင်း  မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တပ်ကြပ်ကြီး အောင်ကျော်မျိုးသည် ပုလောအခြေစိုက် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းသို့ ခိုလှုံလာကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ၎င်းအား လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ဖော်ပြသည်။

CDM ဝင်လာသည့် တပ်ကြပ်ကြီီးအား အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ (NUCC) နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။

“တစ်ဦးတည်းလာတာပါ။ လက်နက်တော့ မပါပါဘူး။ လက်ရှိသူ့ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ကိုမျက်နှာမူကာ နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်ပြီး CDM ပြုလုပ်ကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း CDM လုပ်ပြီး ခိုလှုံလာသည့် ရဲနှင့် စစ်သည် ၂၃၇ ဦးရှိနေပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း CDM ပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။