BREAKING
March 16, 2025

စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းချုပ် ဆရာတော်ပျံတော်မူ

November 22, 2021

စခန်းကြီးသုဓမ္မာ ပဝါရဏာ ဒဿမဂိုဏ်းချုပ်ဆရာ‌တော်သည် နိုဝင်ဘာလ ၂၁ ရက် နံနက်တွင် ပျံတော်မူသွားကြောင်း တပည့်ဖြစ်သူ ဦးပ‌ညောဘာသက မိန့်ကြားသည်။

လောင်းလုံးမြို့နယ် တောင်မင်းပြောင်ကျောင်းကြီး၏ ပဓာနနာယကဆရာတော် ဘန္ဒန္တသောဘဏသည် သက်တော် ၉၀၊ ဝါတော် ၇၁ ဝါရှိပြီဖြစ်ပြီး ဒဿမ‌မြောက်ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်သည်။

“ဆရာတော်က အသက်ကြီးပြီလေ။ ကိုးဆယ်ခြောက်ပါး လူကြီးရောဂါပေါ့”ဟု ဦးပ‌‌ညောဘာသကမိန့်သည်။

နိုဝင်ဘာလ ၂၅ ရက် နေလယ် ၁ နာရီတွင် တောင်မင်းပြောင်ရွာ သုသာန်၌ အန္တိမဈာပနပွဲကျင်းပမည်ဖြစ်‌ကြောင်း သိရသည်။

တောင်မင်းပြောင်ရွာသားတစ်ဦးဖြစ်သည့် ဆရာတော်တွင် မွေးချင်း ခြောက်ဦးရှိပြီး ငယ်အမည်မှာ မောင်ဟန်ရင် ဖြစ်သည်။