အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က မွမ်းမံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် အောက်တိုဘာလ ၂၀ ရက် နံနက်ကပြုလုပ်ခဲ့ပြီး သင်တန်းသားများအား ပထမ၊ ဒုတိယ၊ တတိယဆုများအပြင် ဇွဲမာန်ဆုနှင့် နှစ်သိမ့်ဆုများပေးအပ်ခဲ့ပြီး ပြည်သူများ ပန်းကုံးစွပ်ခဲ့ကြကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။






