ယမန်နေ့နှင့် ယနေ့ရွှေဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းဈေးကျသွားသည်။
ယမန်နေ့ ညနေကတည်းက တဖြည်းဖြည်း ဈေးကျလာခြင်းဖြစ်သည်။
ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်းကျပ်နီးပါးဖြင့် ရောင်းချနေသည်။
ထိုင်းဘတ်ဈေးလည်း ပြန်ကျနေပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။
ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။