BREAKING
September 7, 2024

ထားဝယ်တွင် ၄၈ ရက် မြောက် ရွှေဈေးမဖွင့် ၊ ဘတ်ဈေးနေမြဲ (ဇူလိုင် ၂၂)

July 22, 2024

ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီကဖမ်းဆီးမှုများလုပ်ဆောင်နေသည့်အတွက် ထားဝယ်ဈေးကွက်အတွင်း ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ်ရပ်နားထားသည်မှာ ၄၈ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေအရောင်းအဝယ်ရပ်ထားပြီး ရွှေအထည်ပစ္စည်းများကိုသာ ရောင်းချနေသည်။

ထိုင်းဘတ်ဈေးမှာ တောက်လျှောက်ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၇၆၅ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။