BREAKING
September 7, 2024

သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ရွေးကောက်ပွဲက နုတ်ထွက်

July 22, 2024

Ref: CNN, BBC ပုံ - ဂျိုးဘိုင်ဒင်နှင့် ကာမလာဟဲရစ်

လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ယနေ့တွင် ကြေညာလိုက်သည်။

ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းအဖြစ် အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်သော ကာမလာ ဟဲရစ် (Kamala Harris) ကို အစားထိုးရန် ဂျိုးဘိုင်ဒင်က ထောက်ခံပြောဆိုခဲ့သည်။

အကယ်၍ ကာမလာ ဟဲရစ် (Kamala Harris) သာ သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်က တင်မြောက်လိုက်ပါက အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး အမျိုးသမီးသမ္မတလောင်း ဖြစ်လာမည်ဖြစ်သည်။

အမေရိကန်သမ္မတဟောင်း အိုဘားမားအပါအဝင် ပါတီဝင်များက နိုင်ခြေနည်းနေသဖြင့် လာမည့်ရွေးကောက်ပွဲတွင် သမ္မတဂျိုးဘိုင်ဒင်ကို ဝင်ရောက်မယှဉ်ပြိုင်ရန် ဖိအားပေးတိုက်တွန်းခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က နုတ်ထွက်လိုက်ခြင်းဖြစ်သည်။

လာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပမည့် အမေရိကန်ပြည်ထောင်စု၏ ရွေးကောက်ပွဲမှ ဒီမိုကရက်တစ်ပါတီဘက်က အသက် ၈၁ နှစ်အရွယ် ဂျိုးဘိုင်ဒင်က သမ္မတလောင်းအဖြစ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လာမည့်ခြောက်လတွင် သမ္မတအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ကြေညာထားသည်။

ရီပက်ဘလင်ကန်ပါတီဘက်က သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒင်မဟုတ်ဘဲ ကာမလာဟဲရစ်နှင့် ယှဉ်ပြိုင်ရမည်ဆိုပါက ပိုမိုလွယ်ကူနိုင်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဆိုထားသည်။

ကာမလာဟဲရစ်သည် ၂၀၂၁ ခုနှစ်မှစ၍ ဂျိုးဘိုင်ဒင်သမ္မတလက်ထက် ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်လာသူဖြစ်ပြီး အမေရိကန်သမိုင်းတွင် ရာထူးအမြင့်ဆုံး အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမသည် အာရှ-အာဖရိက-အမေရိက ဆက်စပ်ထားသော ပထမဆုံး အမေရိကန် ဒုသမ္မတတစ်ဦးလည်းဖြစ်သည်။