ကော့သောင်းခရိုင်၊ ပါချန်မြစ်ဝှမ်း ရေလယ်ကျွန်းအနီး သားမွေးနေစဉ် သေဆုံးကာ မျောပါနေသည့် လင်းပိုင်အမ တစ်ကောင်ကို တွေ့ရှိပြီး ယနေ့ (ဇူလိုင် ၂၂) နံနက်ပိုင်းတွင် ဝဲငယ်ရွာ၌ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
လင်းပိုင်အမ ဝမ်းဗိုက်တွင် လင်းပိုင်သားပေါက်လေး၏အမြီးပိုင်း အပြင်ထွက်လျက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သဖြင့် သားမမွေးနိုင်သဖြင့် သေဆုံးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
လင်းပိုင်အမသည် အရှည် ၇ ပေကျော်နှင့် လုံးပတ် ၅ ပေကျော်ရှိပြီး သားပေါက်လေးမှာ အရှည် ၄ ပေနီးပါးနှင့် လုံးပတ် ၂ ပေကျော်ရှိသည်။








