လက်လုပ်မိုင်း အဆင့်မြှင့်တင်နိုင်ရန် စမ်းသပ်ရာမှ မိုင်းမတော်တဆဖြစ်ပြီး ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့-DGRF မှ ဖောက်ခွဲရေးတပ်သားတစ်ဦး ကျဆုံးကြောင်း ယင်းအဖွဲ့က ယနေ့ (ဇွန် ၂၂) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အသက် ၃၆ နှစ်အရွယ် ရဲဘော်ကိုမျိုးမှာ ဇွန်လ ၁၈ ရက် ညနေ ၃ နာရီ ၂၆ မိနစ်ခန့်တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် တော်လှန်ရေးကာလတွင် Dawei Guerrilla Revolutionary Force-DGRF က ရဲဘော် ၃ ဦး တိတိကျဆုံးခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျဆုံးခဲ့သည့် ရဲဘော်ကိုမျိုးနှင့် ရဲဘော်တို့၏ ဆန္ဒအတိုင်း လက်ရှိတွင် အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်မဟုတ်ဘဲ တော်လှန်ရေးပြီးဆုံးမှသာ အမိန့်ပြန်တမ်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထား သည်။