BREAKING
January 18, 2025

ထားဝယ်တွင် နေအိမ်တစ်လုံးမီးလောင်

April 22, 2023

ဓာတ်ပုံ - ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာန

ထားဝယ်မြို့ ၊ဝဲကျွန်းဆင်ဆိပ်ရပ်ကွက်၊ ရွာလယ်လမ်းတွင် ဧပြီ ၂၁ ရက်နေ့ ည ၁ဝနာရီ ၃၀ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်ခဲ့သည်ဟု ထားဝယ်ခရိုင်မီးသတ် ဦးစီးဌာန ထံမှသိရသည်။

မီးလောင်မှုကြောင့် နှစ်ထပ်အိမ် အပေါ်ထပ်သစ်သားဆောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ သိန်း ၂၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးဌာနမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။

“လျှစ်စစ်နဲ့ဘုရားမီးပူဇော်ရာကနေ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ် လောင်ကျွမ်းတာပါ ပေါ့ဆမီးပေါ့နော်”ဟု

ဦးသိန်းဇော်ဝင်းကပြောသည်။

အဆိုပါမီးကို ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရန်မီးသတ် ၁၀ ဦး ၊မီးသတ်ယာဉ်သုံးစီးနှင့်ရေသယ်ယာဉ် ၂စီး အပါဝင် ဇမ္ဗူသိရိအဖွဲမှ မီးသတ်ယာဉ်တစ်စီး၊လူနာတင်ယာဉ် ၁ စီးတို့ဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းသည့်အိမ်မှာ ဝဲကျွန်းဆင်ဆိပ်ရပ်ကွက် ရွာလယ်လမ်းနေ ဦးထွန်းဝေ၊ ဒေါ်မီချိုတို့ နေအိမ်ဖြစ်ပြီး မီးလောင်စဉ် အိမ်ရှင်ဖြစ်သူမှာ ခရီးသွားနေသည်ဟု သိရကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

“အိမ်မှာသူ့သားတစ်ယောက်ပဲရှိတယ်။ အသက် ၂၀ ကျော်အရွယ်လောက်ရှိမယ် “ဟု ဇမ္ဗူသိရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး အဘဦးထွန်းဝေ၏သား စန်းနိုင်ထွန်း အသက် ၂၁ နှစ်ကို ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။