BREAKING
March 23, 2025

လောင်းလုံး မီးဘေးသင့်ပြည်သူများကို ဇမ္ဗူသီရိအဖွဲ့ မနက်ဖြန် သွားကူမည်

March 22, 2025

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများကို မတ်လ ၂၃ ရက်တွင် ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့က သွားရောက်ကူညီလှူဒါန်းမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် ထားဝယ်မြို့ခံများအနေဖြင့် မီးဘေးသင့်ပြည်သူများအတွက် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ကူညီလှူဒါန်းလိုပါက ဇမ္ဗူသီရိအဖွဲ့ရုံးတွင် လာရောက်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“အခုလောလောဆယ်တော့ ကျွန်တော်တို့မှာ ရှိတဲ့ပစ္စည်းတွေနဲ့ အရေးပေါ်ဆင်းလှူမယ်။ မြို့သူမြို့သားတွေအနေနဲ့လည်း ရုံးမှာ လာရောက်ပြီးတော့ လှူပေးထားလို့ရတယ်။ နေရာ နီးနီးလေးဆိုတော့ ကျွန်တော်တို့ အချိန်မရွေး ဆင်းလှူပေးလို့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

မီးဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းရန် မတ်လ ၂၃ ရက် နံနက် ၉ နာရီတွင် ဇမ္ဗူသီရိရုံးမှ ကားများစတင်ထွက်ခွာမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မတ်လ ၂၂ ရက် နံနက် ၁၀ နာရီကျော်တွင် ပန်းတင်အင်းကျေးရွာ ၁၂ ရပ်ကွက်တွင်ရှိသော လူနေအိမ်တစ်ဆောင်မှ မီးစတင်ကူးစက် လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၁၈ ဆောင်မီးလောင်ပျက်စီးခဲ့သည်။

ကလေးသူငယ်အပါအဝင် အမျိုးသား၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို စုစုပေါင်း လူဦးရေ တစ်ရာခန့် မီးဘေးသင့်ပြီး အရေးပေါ် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။