BREAKING
April 20, 2025

မွန်တွင် ဘဏ်အများစု ပိတ်ထား

February 22, 2021

ဘဏ်ဝန်ထမ်း အများအပြား အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် မွန်ပြည်နယ်ရှိ ဘဏ်အများစု ပိတ်ထားရသည်။

မွန်ပြည်နယ်အတွင်းရှိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ AGD ဘဏ် အစရှိ ပုဂ္ဂလိကဘဏ်ခွဲများတည်ရှိ ပြီး ဖေဖော်ဝါရီ ၁၇ ရက်အထိ ပိတ် ထားကြသည်။

တပ်ပိုင် မြဝတီဘဏ်မှာ ပိတ်ထားခြင်းမရှိဘဲ အစိုးရဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည်လည်း တပ်မတော်နှင့် ရဲ လုံခြုံရေးယူထားပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်လှစ်ထားကာ ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။