အိုမန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက် ကျန်းမာသွက်လက်ဖျတ်လတ်စွာ ကစားပြနေတဲ့အတွက် ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေက အရမ်းပဲ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။
ဒီ အသက် ၉၀ အရွယ် ဂျပန်အမျိုးသမီးနှစ်ယောက်ဟာ ပြိုင်ပွဲအမျိုးအစားတစ်ခုတည်းကို ဝင်ကစားတာ မဟုတ်ဘဲ ပြိုင်ပွဲအမျိုးအစား သုံးခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့လို့ ပိုပြီး အံ့အားသင့်စရာဖြစ်နေကြရပါတယ်။
အားကစားဆိုတာ အသက်အရွယ် အပိုင်းအခြားနဲ့မဆိုင်ဘဲ ကျန်းမာရေးကောင်းမွန်အောင် ဂရုတစိုက်နဲ့ ကိုယ်ခန္ဓာကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရင်၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်ရင် အသက် ၉၀ အရွယ်အထိ အခုလိုကစားနိုင်တယ်ဆိုတာကို ဒီဂျပန် အမျိုးသမီးနှစ်ယောက်က သက်သေပြလိုက်တာပဲဖြစ်တယ်လို့ သတင်းတင်ဆက်သူတွေက ပြောကြားသွားခဲ့ပါတယ်။
ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ကစားနေတဲ့ အသက်၉၀ အရွယ် အမျိုးသမီးနှစ်ယောက်ရဲ့နာမည်က ယန်းဂျာနဲ့ ယာဆု တို့ဖြစ်ကြပြီး သူတို့ဟာ စားပွဲတင်တင်းနစ်ကိုအဆက်မပြတ် ကစားနေသူတွေဖြစ်ကြောင်းကို သူတို့ရဲ့ကစားပုံတွေ၊ ရိုက်ချက်တွေက သက်သေခံနေတယ်လို့မှတ်ချက်ကောင်းတွေလည်း ရရှိနေပြီဖြစ်ပါတယ်။







