BREAKING
September 19, 2024

အင်္ဂလန်ကို ယုံကြည်တာက အသေချာဆုံး ဖြစ်ပါလိမ့်မယ်

November 21, 2022

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဒီနေ့မှာတော့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ပရိသတ်ကြိုက် အင်္ဂလန်အသင်းရဲ့ပွဲစဉ်လည်း ပါဝင်နေတာကြောင့် အားလုံး စောင့်မျှော်ကြည့်မယ့်ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ ပွဲစဉ်ရေးဆွဲထားမှု အချိန်ဇယားအရ အင်္ဂလန်ရဲ့ပွဲစဉ်ကတော့ ဒီနေ့ညရဲ့အစောဆုံးပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။

အင်္ဂလန်နဲ့ အီရန်တို့ဟာ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။ အဲ့ဒီပွဲစဉ်ပြီးရင်တော့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဆီနီဂေါနဲ့ နယ်သာလန်တို့ရဲ့ ပွဲစဉ်ရောက်ရှိလာမှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ညသန်းခေါင်ကျော်လို့ မနက် ၁ နာရီခွဲအချိန်ကိုရောက်ရင် အမေရိကန်နဲ့ ဝေလတို့ရဲ့ပွဲစဉ်ကို ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။

ဒီနေ့အတွက် မြန်မာဘောလုံးပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေနိုင်တာက အင်္ဂလန်ရဲ့ပွဲစဉ်၊ နယ်သာလန်ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။