BREAKING
March 15, 2025

ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်း ကုလသမဂ္ဂ လာလှူ

September 21, 2021

UNHCR မှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ရေးပစ္စည်းအချို့ကို တွေ့ရစဉ်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာလှူခဲ့ကြောင်း ထားဝယ်ဒေသ ကိုဗစ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

UNHCR မှ နှာခေါင်စည်းမျိုးစုံ ၊ လက်အိတ်မျိုးစုံ၊ လက်ဆေးရည်၊ PPE ဝတ်စုံ၊ ဖိနပ်၊ ပိုးသတ်ဆေး အစရှိသည့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို စက်တင်ဘာလ ၂၀ ရက်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း အထောက်အကူပြုအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“လက်အိတ်ဆိုရင် အလောင်းတွေအတွက် သုံးတဲ့လက်အိတ်တွေပါတယ်၊ ဆေးခန်းတွေမှာသုံးတဲ့လက်အိတ်တွေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပစ္စည်းများကို ထားဝယ်ဒေသရှိ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများနှင့် ပရဟိတ အဖွဲ့အစည်းများထံ မကြာမီရက်ပိုင်းအတွင်း ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းအတွင်းရေးမှူး အဖွဲ့ဝင်က ပြောသည်။