BREAKING
September 19, 2024

မသန်စွမ်းကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေး ပေးမည်

July 21, 2020

အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများကို ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ပညာသင်ထောက် ပံ့ကြေးပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

မသန်စွမ်းကျောင်းသူ ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးပေးရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနက စာရင်းတောင်းယူထားသော်လည်း တစ်ဦးလျှင် ငွေကြေးမည်မျှ ထောက်ပံ့ပေးမည်ကိုမူ မသိရသေးကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပြောသည်။

“သူတို့တွေ ပုံမှန်ကလေးတွေနဲ့ယှဉ် ပြီးတော့မှ ပညာသင်ယူတဲ့အခါကျတော့ သူတို့မိဘတွေအနေနဲ့ ဖြည့်ဆည်း မပေးနိုင်တဲ့ အတွက်ကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်အား ငယ်နေရမယ်လေ။ တခြားလူတွေနဲ့ ယှဉ်ရင်၊ အဲတော့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးတဲ့သဘော၊ သူတို့ရဲ့အခက်အခဲတွေကို အမှန်တကယ်လိုအပ်လို့ ဖြည့်ဆည်းပေးတဲ့ သဘောနဲ့ ထောက်ပံ့ပေးတဲ့ သဘောဖြစ်မှာပေါ့နော်” ဟု ဦးအောင်စိုးက ပြောသည်။

အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ စာရေးကိရိယာ ထောက်ပံ့မည်

ပြီးခဲ့သည့် ပညာသင်နှစ်များက မသန်စွမ်းကျောင်းသူ၊ ကျောင်းသားများကို ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးတာမရှိသော်လည်း ရပ်ရွာလူမှုအဖွဲ့အစည်းများမှ သင်ကြားရေး အထောက်အကူပြုပစ္စည်းများကို လာရောက်ထောက်ပံ့ပေးသည့် အစီအစဉ်များရှိသည်ဟု ဦးအောင်စိုးက ပြောသည်။

တိုင်းအတွင်း အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် မသန်စွမ်းကျောင်းသူ၊ ကျောင်းသား အထက်တန်းအဆင့်တွင် ၁၂၀ ဦး၊ အလယ်တန်းအဆင့်တွင် ၁၂၁ ဦး၊ မူလတန်းအဆင့်တွင် ၄၂၂ ဦး၊ စုစုပေါင်း ၆၆၃ ဦး ရှိကြောင်း ၎င်းက ပြောသည်။

အထက်ပါစာရင်းများမှာ ပြီးခဲ့သည့် ပညာသင်နှစ်အဆုံးတွင် ပြုစုထားသည့် မသန်စွမ်းကျောင်းသူ ကျောင်းသားစာရင်းဖြစ်သည်ဟု သိရသည်။

အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ

လူမှုဝန်ထမ်းဦးစီးဌာနမှလည်း ကိုဗစ်ကာလအတွင်း မသန်စွမ်းသူများကို၊ ကိုဗစ်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။

အခြေခံပညာ အထက်တန်းအဆင့်ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံနေပြီး ဇူလိုင်လ ၂၁ ရက်နေ့တွင် အထက်တန်းအဆင့်ကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးမြင့်