BREAKING
September 19, 2024

လာမည့်ရွေးကောက်ပွဲ ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

July 21, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာသည့်အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ခန့်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိခဲ့ပြီး လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁၁ သိန်းခန့် ရှိကြောင်း ဦးထိန်လင်းဦးက ပြောသည်။

၂၀၁၅ ခုနှစ် တိုင်းအတွင်း လူဦးရေ မှာ ၁၄ သိန်းကျော်ရှိပြီး ၂၀၂၀ ခုနှစ် တိုင်းလူဦးရေ ၁၅ သိန်းခွဲခန့် ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင်

ပထမဆုံး မဲပေးခွင့်ရသူဦးရေသည် လူဦးရေနှင့် တိုက်ရိုက်အချိုးကျပြီး မြိတ်နှင့် ကျွန်းစုက အများဆုံး၊ တနင်္သာရီ နှင့် ဘုတ်ပြင်းက အနည်းဆုံးဖြစ်ကြောင်း သိရသည်။

“စိတ်လှုပ်ရှားတယ်။ တစ်ခါမှလည်း မဲမပေးဖူးသေးဘူး” ဟု မကြာမီက မှ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့်သူ သရက်ချောင်းမြို့နယ် ပန်းပြင်ရွာမှ မလွင်မာစိုးက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

မိုးမြင့်