BREAKING
February 2, 2025

ဘုတ်ပြင်းတွင် ဖခင်အရင်းက သမီးကို မုဒိမ်းကျင့်

July 21, 2020

ဘုတ်ပြင်းမြို့တွင် ဖခင်အရင်းက သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းကဲ့သို့ မုဒိမ်းကျင့်ခဲ့ကြောင်းကို မိခင်ဖြစ်သူက ဇူလိုင်လ ၅ ရက်နေ့က ရဲစခန်းတွင် လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်း အရသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလအတွင်းက အသက် ၄၂ နှစ်အရွယ်ရှိ ဖခင်က အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့သည်ဟု တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ညဘက်အိပ်နေစဉ် ဖခင်ဖြစ်သူက သမီးကို အိပ်ရာထဲသို့ခေါ်ဆောင်ပြီး မုဒိမ်းကျင့်ခဲ့သည်ဟု သမီးဖြစ်သူက မိခင်ကို ပြောပြခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု)ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။