BREAKING
September 20, 2024

တနင်္သာရီ အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ ငါးရာကျော် လျှောက်ထား

June 21, 2021

တနင်္သာရီတိုင်းတွင် အခြေခံပညာ သင်ကြားရေး ဆရာ၊ ဆရာမ လျှောက်ထားသူ ၅၆၂ ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

Ph.D ဘွဲ့၊ မဟာဘွဲ့၊ B.A ဘွဲ့၊ B.Sc ဘွဲ့၊ PED ဘွဲ့ရသူများနှင့် ဂုဏ်ထူးတန်းအောင်သူများကို သက်ဆိုင်ရာဘွဲ့အလိုက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေသည်။

သင်ကြားရေးဆရာ လျှောက်ထားမှုကို မေလ နောက်ဆုံးအပတ်မှ ဇွန်လ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှတဆင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု အထက်ပါဌာနထံမှ သိရသည်။ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် လူတွေ့၊ နုတ်ဖြေ၊ ရေးဖြေအင်တာဗျူးများကို လာရောက်ဖြေဆိုသူ ၅၀၀ ဦးရှိကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလုပ်ခန့်တာကတော့ ရုံးချုပ်က စာကျလာတဲ့အချိန်ခန့်မှာပေါ့” ဟု တာဝန်ရှိသူက ဆိုသည်။တနင်္သာရီတိုင်းတွင် စစ်အာဏာရှင်လက်အောက်၌ တာဝန်မထမ်းဆောင်လိုသဖြင့် CDM ပြုလုပ်သည့် ဆရာ၊ ဆရာမ ၇၀၀၀ နီးပါးကို ရာထူးက အပြီးသတ်ထုတ်ပယ်ထားသည်။

ယင်းနေရာတွင် ဆရာ၊ ဆရာမလိုအပ်ချက်များရှိနေပြီး တိုင်းအတွင်းရှိ ကျောင်းများအားလုံး ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အပြင် ကျောင်းအပ်ရာခိုင်နှုန်းမှာလည်း ဇွန်လ ၁၀ ရက်နေ့ထိ စာရင်းအရ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု အထက်ပါဌာနထံမှ သိရသည်။