BREAKING
January 18, 2025

စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်၍ ကားမောင်းလာသည့် လူငယ်သေဆုံး

April 21, 2023

ရေဖြူမြို့ထဲတွင် ယနေ့(ဧပြီ ၂၁) မနက်ပိုင်းက ကားမောင်းလာသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်အတွက် သေဆုံးသွားကြောင်း မြို့ခံများထံမှသိရသည်။

သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ရေဖြူမြို့နယ်၊သစ်တိုထောင့်ရွာသား ကိုကောင်းဝေယံဦး(ခ)သားကြီးဆိုသူ ဖြစ်သည်။

ကိုကောင်းဝေယံဦးသည် ယနေ့မနက် ၁၁ နာရီ ဝန်းကျင်ခန့်က ဆေးရုံသစ်နားမှ မြို့ထဲဘက်သို့ ကားဖြင့် ထွက်လာစဉ် ရေဖြူမြို့ အနောက်ဘက်ကမ်း လမ်းဆုံးအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“သူကိုယ်ခန္ဓာမှာ ကျည်ဆန်ရာတွေချည်းပဲ စစ်ဆေးတာမရပ်ပေးလို့နဲ့ တူပါတယ်”ဟု ၎င်းမြို့ခံကပြောသည်။

သေဆုံးသူမှာ ယင်းမြိုနယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အလုပ်ထွက်ထားသူလည်း ဖြစ်သည်။

ကိုကောင်းဝေယံဦး၏ ရုပ်အလောင်းကို ၎င်း၏ဇာတိရွာသို့ မိသားစုက သယ်ဆောင်သွားပြီဖြစ်ကြောင်း ရေဖြူမြို့ခံများ၏ ပြောပြချက်အရသိရသည်။

တနင်္သာရီတိုင်းတွင် စစ်ဆေးရေး ဂိတ်များ၌ မရပ်ပေးသဖြင့်ဆိုကာ ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးမှု မကြာခဏဖြစ်ပေါ်နေသည်။