ထားဝယ်မြို့ တွင် သက်တော် ၁၀၃ နှစ်ရှိ ဆရာတော်ကြီးတစ်ပါး ယနေ့ နံနက် စောစောတွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း မြို့ခံများထံမှသိရသည်။
ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် ဆင်ဖြူတော်ကျောင်းဆရာတော် ဘဒ္ဒန္တ ပညာသီဟ မထေရ်မြတ်သည် ယနေ့ နံနက် ၁ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူသွားခြင်းဖြစ်သည်။
ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် မှာ ၁၀၃ နှစ် ရှိပြီး သိက္ခာတော်မှာ ၈၃ ဝါရှိပြီဖြစ်သည်။

ဆရာတော်သည် ၉၆ ပါးသောလူကြီးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်ပြီး ရုပ်ကလပ်ကို စံကျောင်းတော်တွင် ၅ ရက်ကြာ ပူဇော်ခံထားရှိမည်ဖြစ်ကြောင်းသိရသည်။
မတ်လ ၂၅ ရက် တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ထားဝယ်မြို့ ဘုန်းကြီးပျံကုန်းတွင် အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပသွားမည်ဖြစ်သည်။


