BREAKING
February 22, 2025

တတိယကမ္ဘာစစ်နှင့် မဝေးတော့ဟု ထရမ့် ပြော

February 21, 2025

တတိယကမ္ဘာစစ်က မဝေးတော့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုလိုက်ပြီး ၎င်း၏အစိုးရက ယင်းကို တားဆီးသွားမည်ဟု ဆိုသည်။​

ယမန်နေ့ ကြာသပတေးနေ့က မိုင်ယာမီပြည်နယ်တွင် ပြုလုပ်သည့် FII Priority ထိပ်သီးဆွေးနွေးပွဲ၌ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတဟောင်းဂျိုးဘိုင်ဒန်၏ အစိုးရကသာ ဆက်အာဏာရနေခဲ့လျှင် ကမ္ဘာကြီးမှာ စစ်ပွဲထဲ ရောက်နေလောက်ပြီဟု ထရမ့်က ဆိုသည်။

“တတိယကမ္ဘာစစ်ထဲ ရောက်သွားလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ခင်ဗျားတို့က တတိယကမ္ဘာစစ်နဲ့ မဝေးတော့ဘူး။ ခင်ဗျားတို့ကို ကျွန်တော် အခုပဲ ပြောမယ်။ တတိယကမ္ဘာစစ်နဲ့ ခင်ဗျားတို့နဲ့ မဝေးတော့ဘူး။​ ဒီ(ဂျိုးဘိုင်ဒန်)အစိုးရကသာ နောက်တစ်နှစ်လောက် ထပ်အုပ်ချုပ်ခဲ့ရင် ခင်ဗျားတို့တွေ တတိယကမ္ဘာစစ်ထဲ ရောက်နေလောက်ပြီ။ အခု အဲဒါက ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟု ၎င်းက ပြောသည်။​

အမေရိကန်အနေဖြင့် အဆိုပါ မည်သည့်စစ်ပွဲမျိုးတွင်မှ​ ပါဝင်မည်မဟုတ်သော်လည်း ယင်းတို့ကို မဖြစ်အောင် တားဆီးမည်ဟု ထရမ့်က ဆိုသည်။​

Source : NDTV World