BREAKING
February 25, 2025

သရုပ်ဆောင် သီဟတင်စိုး ကွယ်လွန်

February 21, 2023

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

နှလုံးရောဂါဖောက်လာသဖြင့် သင်္ဃန်းကျွန်းမြို့နယ် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်းခရီးတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက မီဒီယာများတွင် ပြောဆိုထားသည်။

သီဟတင်စိုး ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။

သရုပ်ဆောင် သီဟတင်စိုးသည် ငရဲသား ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီဆုတို့ကို ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။

၎င်းသည် တော်လှန်ရေးဇာတ်ကားများဖြင့် နာမည်ကျော်ကြားခဲ့သည့် ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည်။

သရုပ်ဆောင် သီဟတင်စိုး၏ဇနီး အကယ်ဒမီဇင်မာဦးမှာလည်း ၂၀၂၁ ခုနှစ်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။