ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် မြန်မာဘုန်းတော်ကြီး၏ ဈာပနာ အခမ်းအနားကို စက်တင်ဘာလ၁၉ ရက် ညက ပြုလုပ်ခဲ့သည်။
ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ထုံပရိကျေးရွာရှိ ဓမ္မရတနာတောရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးပညာသုတသည် ဖန်ငခရိုင်၊ တကွန်ပါမြို့ ဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၅၃ နှစ်၊ ဝါတော် ၃၃ ဝါရှိပြီဖြစ်သည်။
ဆရာတော်သည် ထိုင်းတောင်ပိုင်း ဖန်ငခရိုင်သို့ ခေတ္တရောက်ရှိနေချိန် နေမကောင်းဖြစ်လာသဖြင့် ဆေးရုံတင်ကုသရာက စက်တင်ဘာလ ၄ ရက်နေ့တွင် ပျံတော်မူသွားခြင်းဖြစ်ပြီး ဥတုဇရုပ်ကလာပ်အား စူရတ်ဌာနီမြို့သို့ ပင့်ဆောင်လာခြင်းဖြစ်သည်။
ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော် မီးသင်္ဂြိုဟ်ပူဇော်အခမ်းအနားအား စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်းက ဦးဆောင်ပြီး ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။














