အိမ်နီးချင်း ထိုင်းနိုင်ငံဘက်မှ ဝင်လာသည့် ငွေကျပ်သိန်းလေးရာခန့် တန်ဖိုးရှိ ထိုင်းဘီယာများ ဖမ်းမိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ထိုင်းနိုင်ငံနယ်စပ်ရှိ ထီးခီးနှင့် ထားဝယ်မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်ရှိ ဇလွန်းကျေးရွာ၌ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းတွင် စောင့်ဆိုင်းနေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုသို့စောင့်ဆိုင်းနေစဉ် မေတ္တာမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဟီးနိုးယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ယင်းကဲ့သို့ စစ်ဆေးရာ ကားပေါ် တွင် ထိုင်းနိုင်ငံထုတ် ဘီယာများဖြစ်သော Chang ဘီယာ (ဒေသအခေါ် ဘီယာချမ်း) ၄၉၈ ဖာ၊ SINGHA တံဆိပ် (စင်းဂါး ဘီယာ) ဘီယာ ၁၆၉၇ ဖာကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အောင်မင်္ဂလာရုပ်ရှင်ရုံ ငှားရမ်းခ တစ်လ ငါးသိန်းအထိ ဈေးတက်မည်
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းအမျိုးသားကို ယစ်မျိုးဥပဒေဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။