လာမည့် ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ဥက္ကာပျံမိုး(ဝါ)ကြယ်မိုး ရွာသွန်းမှုများဖြစ်ပေါ်လိမ့်မည်ဟု သိပ္ပံပညာရှင်များက အသိပေးထားကြောင်း Tech Search က ဖော်ပြထားသည်။
ယခုနှစ်အတွင်း ဂြိုလ် ၇ လုံး တစ်တန်းတည်းကျရောက်သည့်ဖြစ်စဉ်ကြောင့် အာကာသအတွင်း အပြောင်းအလဲများဖြစ်ပေါ်နေပြီး ဂြိုလ်များအကြားတွင် ပြင်းထန်သည့်သက်ရောက်မှုများ ရှိနေကြောင်း သိပ္ပံပညာရှင်များက ပြောကြားထားသည်။
ဂြိုလ်တစ်လုံးနှင့် တစ်လုံးအကြားတွင် အခြားသောဂြိုလ်တစ်ခုက ကြားခံအဖြစ် ရောက်ရှိနေသည့်သဘောကလည်း ဂြိုလ်ဆွဲအားသက်ရောက်မှုကို ကပြောင်းကပြန်ဖြစ်နေစေပြီး ကမ္ဘာကဲ့သို့ပင် အခြားသောဂြိုလ်များ၌လည်း ဂြိုလ်ဖြစ်စဉ်အပြောင်းအလဲများရှိနေသည်ဟု သိပ္ပံပညာရှင်များက အသိပေးထားသည်။
ကြယ်မိုး(ဝါ)ဥက္ကာပျံမိုးသည် တစ်နာရီလျှင် ဥက္ကာခဲ ၁၅၀ ခန့်ဖြင့် ရွာသွန်းလိမ့်မယ်ဖြစ်ပြီး ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ယင်းဖြစ်စဉ်ကို မြင်ကြရမည်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားထားသည်။
ကြယ်မိုး(ဝါ)ဥက္ကာပျံမိုး ရွာသွန်းပြီးသည့်နောက်တွင် ဂြိုလ် ၇ လုံး တစ်တန်းတည်း ကျရောက်နေသည့်ဖြစ်စဉ်ကြောင့် ဆွဲအားနှင့် သက်ရောက်မှု အပြောင်းအလဲအချို့ ဖြစ်ပေါ်ရန် ရှိနေသေးကြောင်းလည်း သိပ္ပံပညာရှင်များက အသိပေးထားသည်။
Source: Tech Search