BREAKING
March 21, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကောင်စီ စစ်ကြောင်းထိုးတာ တစ်ပတ်ကျော်ရှိလာပြီ

March 20, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးပြီးနောက်မှာ စစ်ကောင်စီက အထူးစီးပွားရေးဇုန်ဒေသကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာပါတယ်။

အဲဒီဇုန်အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ကြဖို့ စစ်ကောင်စီ တိုင်းဝန်ကြီးချုပ်က ပြောဆိုပြီး နောက်တစ်ရက်မှာပဲ အထူးစီးပွားရေးဇုန်ဧရိယာထဲ အင်အားထပ်ဖြည့်ပြီး စစ်ကောင်စီတပ်က တစ်ကျော့ ပြန်စစ်ရေးလှုပ်ရှားလာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။