လောင်းလုံးမြို့နယ် ၊ဂေါ့အင်းရွာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ရှစ်နာရီခန့်က မူးယစ်ဆေးစွဲနေသည့်သားက နေအိမ်မီးရှို့၍ အိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အသက် ၃၀ ကျော်အရွယ်ရှိ ကိုရန်အောင် ဆိုသူသည်မူးယစ်ဆေးဝယ်ရန် မိခင် ထံငွေတောင်းရာ ငွေမပေးသည့်အတွက် နေအိမ်ကို မီးရှို့သွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
” သူအိမ်မှာပိုက်ဆံတွေ ပစ္စည်းတွေဆို ထားလို့ တောင်မရဘူး ၊ဆေးရော အရက်ရော လိုင်းစုံပဲ”ဟု ၎င်းဒေသခံကပြောသည်။
မီးလောင်မှုကြောင့် အုတ်ခံတစ်ထပ် နေအိမ်တစ်ဆောင်၊ ရွှေလှိုင်းဆိုင်ကယ်တစ်စီးနှင့် အိမ်သုံးပရိဘောဂ ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း ၎င်းထံမှသိရသည်။




အဆိုပါမီးလောင်မှုကို ရွာသူရွာများ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ဂေါ့အင်းရွာတွင်မီးပျက်နေ၍ ဖရောင်းတိုင်မီးထွန်းထားရာမှ နေအိမ်တစ်ဆောင် မီးလောင်ပြာကျခဲ့ဖူးသည်။