BREAKING
February 27, 2025

အသက်ခြောက်ဆယ်ကျော် ယောက္ခမကို သမက်က မုဒိမ်းကျင့်ရန် အားထုတ်

February 20, 2020

ကော့သောင်းမြို့နယ်တွင် အသက် ခြောက်ဆယ်ကျော်အရွယ်ရှိ ယောက္ခမကို သမက်ဖြစ်သူက မုဒိမ်းကျင့်ရန်အား ထုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အထက်လုံးဖောကြီးကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ယောက္ခမဖြစ်သူက အသက် ၂၉ နှစ်အရွယ်သမက်နှင့် အဆိုပါအမျိုးသား၏ဖခင်တို့နှင့်အတူ ဝါးခုတ်ရန်တောထဲသို့ သွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ဝါးခုတ်သွားစဉ် အေးချမ်းသာ ကျေးရွာအုပ်စုရှိ တောထဲတွင် တဲဆောက် ရန်ပြင်ဆင်ပြီး ချက်ပြုတ်စားသောက်ကာတစ်ည အိပ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုသို့အိပ်နေစဉ် ည ၈ နာရီခန့်တွင် မြေကြီးပေါ်အိပ်ပျော်နေသည့် ယောက္ခမ ကိုယ်ပေါ်တက်ခွပြီး သမက်ဖြစ်သူက မုဒိမ်းကျင့်ရန် အားထုတ်ရာ ယောက္ခမ ဖြစ်သူနိုးလာပြီး အော်ဟစ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့အော်ဟစ်ရာ သမက်ဖြစ်သူ ၏ ဖခင်ရောက်လာချိန်တွင် ထွက်ပြေး သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယောက္ခမ ဖြစ်သူအား မုဒိမ်းကျင့်ရန် အားထုတ်ခဲ့ သည့် အမျိုးသားကို မာရမ်းနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch