ဒီနေ့(ဇန်နဝါရီ ၂၀)မှာ ထရမ့်ဟာ သူ့ရဲ့ သမ္မတဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။
သမ္မတအဖြစ် ပထမဆုံးစတင်တာဝန်ယူတဲ့နေ့မှာပဲ အပြောင်းအလဲ ကြီးကြီးမားမားတွေကို ဖော်ဆောင်သွားမယ်လို့ ထရမ့်က ပြောထားပါတယ်။
သူ့ရဲ့ ဒုတိယသက်တမ်းအတွက် ထရမ့်ရွေးချယ်ထားတဲ့ နိုင်ငံအတွက် အရေးပါဆုံးသူအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဒီတစ်ယောက်ချင်းစီက ထရမ့်ရဲ့ မူဝါဒတွေကို မတူညီတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အကောင်အထည်ဖော်ကြမှာပါ။
ဒါပေမဲ့ သူတို့ အားလုံးမှာ တူညီတာတစ်ခုကတော့ နိုင်ငံ့ဥသျှောင်သမ္မတဖြစ်သူကို သစ္စာခံတာပါပဲ။
ဒါကိုပဲ ကြည့်ပြီး ထရမ့်က ရွေးချယ်ထားတာ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးမှာ သဘောထားတင်းမာသူ ၊ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်ဆန့်ကျင်သူ ၊ ၊ အစိုးရစွမ်းဆောင်ရည်ကဏ္ဍမှာ အသုံးစရိတ်အဆမတန် လျှော့ချမယ့်သူ ၊ စီးပွားရေးကဏ္ဍမှာ အခွန်စည်းကြပ်မယ့်သူတွေကို ရွေးချယ်ခန့်အပ်ထားတာ တွေ့ရပါတယ်။






