BREAKING
September 19, 2024

အုန်းသီးမှ တန်ဖိုးမြှင့်ကုန်ထုတ်နည်း သင်တန်းတက်နိုင်

January 20, 2020

အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နည်းသင်တန်းကို တက်ရောက် ရန် သင်တန်းသားများခေါ်ယူနေသည်။

အဆိုပါသင်တန်းကို စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး အုန်းသီးစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းတို့က ပူးပေါင်းဖွင့်လှစ် မည်ဖြစ်သည်။

ဇန်နဝါရီလ ၂၁ ရက်မှ ၂၃ ရက် အထိ သုံးရက်တာ ဖွင့်လှစ်မည့် အဆိုပါ သင်တန်းတွင် အဝတ်လျှော် ပန်းကန်ဆေး လက်ဆေးဆပ်ပြာရည်လုပ်နည်း၊ မျက်နှာသစ်ဆပ်ပြာရည်လုပ်နည်း၊ ဆံပင်သန်ဆေးလုပ်နည်း စသည့် အကြောင်းအရာ ၆ ခုကို သင်ကြားပေး မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

သင်တန်းကြေးအဖြစ် ငွေကြေး ကောက်ခံမည်မဟုတ်သော်လည်း သင်တန်း အထောက်အကူပြုပစ္စည်းများ အတွက် ငွေကျပ်တစ်သောင်း ပေးသွင်းရ မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

သင်တန်းတွင် အသက်အရွယ်၊ ကျားမ၊ ပညာအရည်အချင်း ကန့်သတ် ထားခြင်းမရှိဘဲ စိတ်ဝင်စားသူမည်သူ မဆို လျှောက်ထားနိုင်ကြောင်း အထက်ပါ ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညွန့်နွယ်က ဆိုသည်။

သင်တန်းကို ထားဝယ်မြို့၊ ဝဲကျွန်း ညောင်ရမ်းရပ်ကွက်ရှိ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမတွင် သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်လိုပါက အထက်ပါရုံးထံ လာရောက်ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ၀၉၈၉၈၇၇၇၈၃၅ ၊ ၀၉၇၇၅၂၀၄၇၃၅ ၊ ၀၉၇၇၁၉၀၄၃၀၂ တို့ထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါ ရုံးထံမှ သိရသည်။

Dawei Watch

No related posts found.