BREAKING
January 22, 2025

ဘန်ကောက်တွင် ဆံပင်ညှပ်သည့်အလုပ်လုပ်၍ မြန်မာ ၄ ဦးကို ဖမ်းဆီး

December 19, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိဟု တားမြစ်ထားသော ဆံပင်ညှပ်အလုပ်ကို ဝင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က ဘန်ဘော်နယ်မြေရှိ ANGEL-20 ဆံပင်ညှပ်ဆိုင်ကို ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများသည် အသက် ၂၃ အရွယ်မှ ၃၁ အရွယ် လူငယ်ပိုင်းများဖြစ်ပြီး ဝင်ရောက်စစ်ဆေးစဉ် ဆံပင်ညှပ်ဆရာအဖြစ် လုပ်ကိုင်နေသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများကို လုပ်ပိုင်ခွင့်မရှိသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေမှုဖြင့် အရေးယူထားပြီး ဘန်ခွန်ထီယမ်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ဆံပင်ညှပ်အလုပ်သည် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများနှင့်အမြဲ ပြိုင်လုလုပ်နေရသည့် အလုပ်တစ်ခုဖြစ်သဖြင့် ဆက်လက်ရှာဖွေ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော အလုပ်များတွင် မလုပ်ကိုင်မိစေရန် အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

အကယ်၍ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

Ref: The Thaiger