BREAKING
October 19, 2024

ထားဝယ်တွင် မသန်စွမ်းတစ်ဦးပျောက်နေ

October 19, 2024

ပုံစာ - ကိုစိုးမင်းပိုင်

ထားဝယ်မြို့၊ ဝဲကျွန်းထိန်ဟောင်းရပ်ကွက် မင်္ဂလာလမ်းတွင် နေထိုင်သူ မသန်စွမ်း အမျိုးသားတစ်ဦး အောက်တိုဘာလ ၁၈ ရက်ညက ပျောက်နေကြောင်း မိသားစုထံမှ သိရသည်။

ပျောက်ဆုံးသူသည် အသက် ၃၁ နှစ်အရွယ် ကိုစိုးမင်းပိုင် (ခေါ်) ကိုပိုင်ပိုင်ဖြစ်ပြီး ၎င်းသည် မွေးရာပါ စကားပြောနိုင်ခြင်း မရှိဘဲ စိတ်ကျန်းမာရေးချို့ယွင်းနေသူဖြစ်သဖြင့် ပို၍ စိုးရိမ်ကြောင်း မိသားစုက ဆိုသည်။

ကိုစိုးမင်းပိုင် ပျောက်ဆုံးမှုကို ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး မိသားစုကလည်း အိမ်ပတ်ဝန်းကျင်ရှိ ၎င်းသွားလာတတ်သည့် နေရာများအပြင် ဝဲကျွန်းရပ်ကွက် ၅ ရပ်ကွက်အတွင်း ရှာဖွေသော်လည်း ယနေ့ အောက်တိုဘာလ ၁၉ ရက်ညအထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ညပိုင်းဆို ကွမ်းယာ၊ ဆေးလိပ်ဝယ်ဖို့ ပုံမှန်အပြင်သွားနေတဲ့အတိုင်းပဲ အဲဒီည (အောက်တိုဘာ ၁၈ ရက်) က ထွက်သွားတယ်။ ည ၉ နာရီအထိပြန်မလာမှ လိုက်ရှာကြတယ်။ အရင်ကလည်း သွားနေကျပဲ။ တစ်ခါမှ ပြန်မလာတာ မရှိဘူး။ ဝယ်စရာရှိရင်ဝယ်ပြီးပြန်လာတတ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုစိုးမင်းပိုင် ပျောက်သွားသည့် ညက အင်္ကျီလက်ရှည်အဖြူရောင် အမဲအစင်းကြောင်း၊ အဖြူနှင့် အမဲ နှစ်ရောင်စပ် ဘောင်းဘီအတိုကို ဝတ်ဆင်ထားကြောင်း မိသားစုထံမှ သိရသည်။

၎င်းအား တွေရှိ့ပါက မိသားစုဝင်၏ တယ်လီဖုန်းနံပါတ်ဖြစ်သည့် 09678929964 သို့ ဆက်သွယ်အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံထားသည်။