BREAKING
October 19, 2024

တစ်ပတ်အတွင်း တနင်္သာရီသတင်း

October 19, 2024

တနင်္သာရီတိုင်းထဲမှာ အောက်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။ ဒီအပတ်တင်ဆက်ပေးမယ့် သတင်းတွေကတော့………

  • လောင်းလုံး တိုက်ပွဲအတွင်း အရပ်သားသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
  • ထားဝယ်သပိတ်မျှောပွဲကျင်းပမယ့်နေရာနားမှာ နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတဲ့ အကြောင်း
  • ထားဝယ်မြစ်ထဲ စက်သုံးဆီဘောပေါက်ကွဲမှု သေဆုံးသူ ၈ ဦးအထိရှိခဲ့တဲ့ အခြေအနေ
  • သန်းခေါင်စာရင်းကောက်မယ့်အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ ကျွန်းစုက ပျူစောထီးစခန်းကိုလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ
  • ပုလော မီးလောင်ချောင်းရွာမှာ တိုက်ပွဲပြင်းထန်နေလို့ ခရီးသွားကားတွေ ရက်ရှည်ပိတ်မိနေတဲ့အကြောင်း
  • ပုလောမြို့နယ်မှာ KNLA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတဲ့သတင်း
  • တစ်ရက်အတွင်း စစ်ကောင်စီတပ်သား လေးဦး မြိတ်ပကဖဆီ ဘက်ပြောင်းခိုလှုံလာတဲ့အကြောင်း
  • ကော့သောင်းနယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ဝင်မယ့်သူတွေကို စစ်ကောင်စီငွေညှစ်နေတာ
  • ဝဥဈေး ဆက်တိုက်ကျလာလို့ ထားဝယ်မှာ တူးဖော်ရောင်းချသူနည်းလာတဲ့ အခြေအနေ
  • ထားဝယ်မှာ သီတင်းကျွတ်မီးအလှဆင်ပစ္စည်းတွေ အရောင်းပါးခဲ့တဲ့သတင်းတွေကို နားဆင်ရမှာပါ။