ပွင့်လင်းရာသီအစ ထားဝယ်မြို့ရဲ့ ပထမဆုံးပွဲတော်ဖြစ်တဲ့ မမဘုရားပွဲကို ရှမ္မလည်ဆွဲလမ်းဆုံက စရီးမားရီယမ္မားဘုရားကျောင်းမှာ ကျင်းပနေပါပြီ။
အောက်တိုဘာလ ၁၅ ရက်ကနေ အောက်တိုဘာလ ၂၃ ရက်အထိ ၉ ရက်တိတိကျင်းပမှာဖြစ်ပါတယ်။ မနက် ၆ နာရီကနေ ည ၈ နာရီအထိပဲ အချိန်အကန့်အသတ်နဲ့ ကျင်းပနေတာလည်းဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမတိုင်ခင်ကတော့ မမဘုရားပွဲကို အခုလိုအချိန်ကန့်သတ် ကျင်းပတာမျိုးမဟုတ်ပါဘူး။ ဒါ့အပြင် ဘုရားကျောင်းပူဇော်ပွဲပြီးရင် မြို့လုံးကျွတ်လှည့်လှည့်လေ့ရှိပါတယ်။
ကိုဗစ်ကာလနဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပဋိပက္ခတွေကြောင့် မြို့ထဲလှည့်တဲ့အစီအစဉ်ကို ထည့်သွင်းမကျင်းပတော့တာ ဒီကနေ့အထိပါပဲ။














အခုကျင်းပနေတဲ့ မမဘုရားပွဲမှာ ဘုရားလာဖူးသူတွေ၊ ဈေးလာဝယ်သူတွေနဲ့ ညနေ ၆ နာရီနောက်ပိုင်း အတော်သင့်စည်ကားနေတာကို တွေ့ရပါတယ်။
ထားဝယ်မြို့ရဲ့ အထင်ကရပွဲတော်တွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ မမဘုရားပွဲငါးရက်မြောက်နေ့ ညနေ ၅ နာရီကနေ ၇ နာရီကြားမြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။