BREAKING
September 7, 2024

စားသုံးဆီဈေးဆက်တက်ပြီး ငရုတ်သီးဈေးကျလာသည့် ထားဝယ်ဈေးကွက်

July 19, 2024

ထားဝယ်တွင် ယခုအပတ် ထိုင်းနိုင်ငံထုတ် စားသုံးဆီးဈေးနှုန်းများ ဆက်တိုက်တက်နေပြီး ငရုတ်ပုခြောက်မှာ ဈေးကျနေသည်။

ယခင်အပတ် ထိုင်းထုတ် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီ ၁ လီတာ တစ်ဘူး ၈၀၀၀ကျပ်စျေးရှိရာမှ ယနေ့တွင်၈၂၀၀ကျပ်၊ ပဲလုံးတံဆိပ်စားသုံးဆီ ၁ လီတာ တစ်ဘူးမှာ ၈၀၀၀ ကျပ်မှ ယနေ့ ၈၆၀၀ကျပ်အထိ ဈေးတက်သွားသည်။

စားသုံးဆီဈေးမှာ တစ်ပတ်အတွင်း အမျိုးအစားလိုက်ပြီး ၁လီတာလျှင် ၂၀၀ကျပ်မှ ၆၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

ငရုတ်ပုခြောက်ဈေးမှာမူ ယခင်အပတ်က တစ်ပိဿာ ၁၈၀၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၅၀၀၀ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင်း ငရုတ်ပုခြောက်တစ်ပိဿာ ၃၀၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ပြည်တွင်းထုတ်စားသုံးဆီတို့မှာ ဈေးငြိမ်နေသည်။