BREAKING
October 18, 2024

ဘင်္ဂလားဒေ့ရှ်မှာ ပဋိပက္ခပြင်းထန်နေပြီး ဆန္ဒပြပွဲအတွင်း လူပေါင်းဒါဇင်နဲ့ချီသေဆုံး

July 19, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုက အရှိန်မြင့်တက်နေပါတယ်။

ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေကြာင့် တစ်ပတ်အတွင်း လူပေါင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ကြတာပါ။

ဇူလိုင်လ ၁၉ ရက်နေ့အထိ သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အတိုက်အခံပါတီဖြစ်တဲ့ Bangladesh Nationalist Party (BNP) ပါတီရဲ့ အတွင်းရေးမှူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဒါကာမြို့တော်မှာ လူစုလူဝေးခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

အစိုးရအမှုထမ်းရာထူးတွေကို လွတ်လပ်ရေးတိုက်ပွဲဝင် စစ်ပြန်မိသားစုတွေအတွက် ဦးစားပေးခွဲတန်း ချမှတ်မှုအပေါ် မကျေမနပ်ဖြစ်ရာကနေ ဆန္ဒပြ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာတာခဲ့တာဖြစ်ပါတယ်။

အစိုးရအလုပ် ၅၆ ရာခိုင်နှုန်းလောက်ကို စစ်ပြန်မိသားစုတွေ အတွက်ဆိုပြီး သီးသန့်ချန်ထားပြီး ကျန်တဲ့နေရာတွေအတွက် သာမန်ပြည်သူ ၆ သိန်းလောက်က ဝင်ရောက် ယှဉ်ပြိုင်ကြိုးစားရတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း အလားတူ ဆန္ဒပြမှုတွေကြောင့် စစ်ပြန်မိသားစုတွေအတွက် ထားပေးတဲ့ ခွဲတန်းစနစ်ကို ဖျက်သိမ်းခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒီနှစ်ဇွန်လမှာတော့ ခွဲတမ်းစနစ်ကိုဖျက်သိမ်းလိုက်တာဟာ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် အခုလိုဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်လာပြီး ပဋိပက္ခအရှိန်မြင့်တက်လာနေတာဖြစ်ပါတယ်။

အစိုးရကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသလို ရဲတပ်ဖွဲ့ကလည်း ရော်ဘာကျည်တွေ မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွင်းတာတွေရှိခဲ့ပါတယ်။

ကျောင်းသားဆန္ဒပြသူတွေဟာ ဘဂ်လာဒေ့်ရှ် အစိုးရပိုင် Bangladesh Television (BTV) ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် နိုင်ငံပိုင် ရုပ်မြင်သံကြား ထုတ်လွင့်ရေးပါ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ကျောင်းသားများ ဆန္ဒပြရသော အဓိကအကြောင်းအရင်းတစ်ခုမှာ လူငယ်တွေ နိုင်ငံထဲ အလုပ်ကိုင်အခွင့်လမ်း နည်းပါးနေတာကြောင့်လည်းဖြစ်ပါတယ်။

ဘဂ်လားဒေ့ရှ်မှာ လူဦးရေ သန်း ၁၇၀ ခန့်ရှိပါတယ်။

Ref: CNN